Wednesday, November 6, 2013

ယောဂ Nadi ၃

   နဒီ စီးဆင်းသည်ဆိုတာ တစ်ခုထဲ တစ်ချောင်းထဲ သီးသန့် မဟုတ်ဘဲ သူ့ မှာလဲ   မြစ်များ   ချောင်းများ
လိုဘဲ လက်တက်ပေါင်း များစွာ ရှိပါတယ်။ တစ်ခုနှင့် တစ်ခု ဆက်သွယ် အမှီပြုလျှက် ရှိပါသည် ။
       ခန္ဓာကိုယ် တစ်ခုလုံးမှာ စီးဆင်းနေတဲ့ နဒီ စုစုပေါင်း ၇၂,၀၀၀ ရှိပြီး အဓိက Main Nadi (၃)ခု ရှိပါ
သည်။ ၄င်း နဒီ (၃)ခုမှာ ကျောရိုးမကြီး ၀ဲယာ နှင့် ကျောရိုးမကြီးကို ဗဟိုပြု၍ စီးဆင်းနေခြင်း ဖြစ်ပြီး
ချက္ကရများကို ဆက်သွယ်ဖြတ်သန်း အပေးအယူ ပြုလျှက် လှည့်လည် လည်ပတ် နေပါသည် ။
       ကျောရိုးမကြီး၏ ညာဘက်တွင် အပူ၊ တေဇော၊ မီး အဖိုဓါတ် ဖြစ်သော Pingala Nadi တည်ရှိပြီး
ကိုယ်ခန္ဓာ အောက်ဆုံးပိုင်း ဒွါရ (၂)ခုကြားရှိ မူလဓာရ ချက္ကရ ၏ ညာဘက် မှ အစပြုကာ မျက်ခုံး (၂)
ခုကြား၏ နောက် ဦးဂေါင်းအတွင်းရှိ အာဂ်ျန ချက္ကရ ၏ ဘယ်ဘက်တွင် ဆုံးသည် ။
       ကျောရိုးမကြီး၏ ဘယ်ဘက်တွင် အအေး၊ အာပေါ၊ ရေ အမဓါတ် ဖြစ်သော  Ida Nadi တည်ရှိပြီး
ကိုယ်ခန္ဓာ အောက်ဆုံးပိုင်း မူလဓာရ ချက္ကရ နှင့် မြှီးညှောင့်ရိုးအဆုံးရှိ ဆွာဒစ်ရှ်တာန ချက္ကရ ၏ ၀ဲဘက်မှ
အစပြုကာ အာဂ်ျန ချက္ကရ ၏ ညာဘက်တွင် ဆုံးသည် ။
       ကျောရိုးမကြီး၏ အလယ်တည့်တည့် အတွင်းမှ အာကာသဓါတ် ဖြစ်သော Shashumna Nada သည်
မူလဓာရ ချက္ကရ မှ အစပြုကာ ကျောရိုးတွင်းရှိ အာရုံကြောမကြီး တလျှောက်  ချက္ကရ အစဉ်အတိုင်း တက်
သွားပြီး အာဂ်ျန ချက္ကရ တွင် ဆုံးသည် ။
       ထိုသို့  ချက္ကရများအားလုံး Ajna Chakra တွင်ပေါင်းဆုံ စုစည်းပြီးနောက် မလိုအပ်သည့် အဆိပ်ငွေ့ 
များကို နှာခေါင်းပေါက်များမှ ရှူထုတ်စွန့် ပြစ်ပြီး သန့် စင်သော အားအဖြစ် saharara Chakra သို့ ဆက်
လက်စီးဆင်းသည် ။

No comments:

Post a Comment

Have a nice day.