Monday, November 4, 2013
ယောဂ Nadi ၁
Nadi  - Current  စီးဆင်းသည် ။
          နဒီ  မြစ်  စီးဆင်းသည်  ရေတော့မဟုတ်ဘူး ။ ဒါဆိုရင်ဘာလဲ
          လိုက်မေးဘူးတယ်
          ပြုံးပြီးကြည့်တဲ့သူနဲ့ ။ ဘာမှပြန်မပြောတဲ့သူနဲ့ ၊
          ယောတော ယောင်တောင်နဲ့  ဖြီးချပြီး နေကြတဲ့ ပုဂ္ဂိုလ်တွေ ဒီနေ့ အထိ မကျေနပ်ဘူး။
          ဒါဆို အခုကော ကျနော်ပြောနိုင်ပါ့မလား ။
          တကယ်စီးနေတာ သိတော့သိကြမှာပါ
          တကယ်ထိပ်တိုက် ရင်ဆိုင်ရချိန် ဝေါကနဲ  ဆင်းချလာတဲ့မီးခဲ 
          အရမ်းမြန်တယ်နော်  ဘာနဲ့ မှနိုင်းပြဘို့ မရှိဘူး ။
          မှင်သက်အံ့သြနေခဲ့တာ ဘေးလူနိုးမှ ပတ်ဝန်းကျင်ကို ဂရုစိုက် မိခဲ့တဲ့ အဖြစ်လေး ကိုလဲ
          ဒီနေ့ အထိ မှတ်မိနေပါသေးတယ် ။
          ကိုယ်လဲ ကကြီး ခခွေး က စခဲ့ရသလို အားလုံးလဲ  ကကြီး ခခွေး က စခဲ့ရတာပါ၊
ဒါပေမဲ့ တကယ်ကံကောင်းကြတဲ့ သူတွေပါ၊ ယောဂသင်တန်းတွေ ဆရာတွေကလဲ ခုဆို အများကြီးဘဲနော်။
စကားမစပ် ခဏခဏကြားနေရတယ် ခဏခဏလဲအမေးခံရတယ် ကိုယ်လဲ အရမ်းသိချင်ခဲ့ဘူးတယ် ၊
စကားလုံးလေး တချို့ 
       - အနောက်မှာ အားတစ်ခုခု လိုက်နေသလိုဘဲ ဖြစ်နေတယ် ။
       - လက်ညိုးညွန်ရာ တထုတ်ထုတ်နဲ့  ခုန်ထွက်သွားတာ အဲတာ ဘာလဲ ။
       - ခန္ဓာကိုယ်မှာ လည်နေတဲ့ အ၀ိုင်းတွေ တွေ့ ဘူးကြလား ။
       - ခန္ဓာထဲမှာ အနွေးဓါတ် တစ်ခု စိတ်ကူးနှင့်အတူ ရှောက်ပြေးနေတာ ကြုံဘူးလား ။
       - ကိုယ်ထဲမှာ ရွစိရွစိ ဖြစ်နေတာ ဘာကြီးလဲ ။
       - ခန္ဓာထဲက ကလီဇာ တစ်ခုမှ အငြိမ်မနေဘူး ဘယ်သူ့ ကြောင့် လူပ်နေတာလဲ ။
သံလိုက်အစွန်းတို့ ၏ ဆွဲငင်ခြင်း တွန်းကန်ခြင်း အားနှစ်ခုတို့ ၏ အစွမ်းကြောင့် စက်ကွင်းပြင်းအား တစ်ခု
ဖြစ်ပေါ်လာပြီး လည်ပတ်မူ့ နှင့် လူပ်ရှားမူ့ များ ဖြစ်ပေါ်လာကြသည် ။
လျှပ်ဖို လျှပ်မ တွေဆုံလျှင် လောင်ကြွမ်းမူ့  နှင့် ပေါက်ကွဲမူ့  ဖြစ်စဉ်များ ဖြစ်ပေါ်သည် ။   
         Nadi  - Current  စီးဆင်းသည် ။
         အဖြေ မရသေး ဘူး
         စီးနေတာ Electromagnetic Current  ကပ်ပါလာတာ Prana .။
         ခုတော့  ပြောပြီ ............. ဒါလေးများ ............ ဟုတ်တယ်ဟုတ် ။
         ကိုယ်ချင်းစာ နာခဲ့ရတယ် လေ ။
No comments:
Post a Comment
Have a nice day.