Sunday, November 3, 2013

ယောဂ နယ်မြေ

တချို့  ..... တချို့  တွေ့ ပြီ ..... ယောဂ
ဒီနယ်မြေရဲ့  မြင့်မားတဲ့ အပိုင်းမှစပြီး အစဆွဲမိတာ ဆိုတော့
မယုံဘူး ..... မယုံဘူး ..... လက္မခံ နိုင်ဘူးဆိုပြီး
အောက်ကိုငုံ့ ကြည့် လဲ  ဘာမှန်းမသိ
အပေါ်ကိုမော့ကြည့်လဲ စိတ်ကူးယဉ် ပုံပြင်လား ဒဏ္ဍာရီလား .. ဘာလဲ ဘာလဲ ဆိုတာတွေများနေလို့ 
ဆရာပြောတာတွေ တစ်လုံးမှနားမ၀င်၊ ရင်ဝမှာတစ်ဆို့ ဆို့ နဲ့ ၊ သိချင်တာတွေက ခပ်များများ၊
လမ်းကြောင်းတွေလဲ မတွေ့ နိုင်၊
ကိုယ်တွေ့ ခံစားခဲ့ရတဲ့ ဝေဒနာလေးကို ပြန်စဉ်းစားရင်း
ဒါတွေအရင် မိတ်ဆက်ပေးသင့်တယ်လို့  ထင်မိပြီး ပြောပြချင်ပါတယ် ။

Prana - Life of Energy - ဇီဝဓါတ်၊ ချီ၊ ကီ၊ အတွင်းအား ( ၀င်သက် ထွက်သက် မှီ၍ ရွေ့ လျှားသည် ) ။
Nadi  - Current, Channel of Prana Vayu. - နဒီ၊ စီးဆင်းသည် ။
Chakra - Wheel, Vortex, Energy Transformars, Centres of life force.
          လှည်းဘီး၊ ၀ဲကတော့၊ လျှပ်စစ်သံလိုက် စွမ်းအားထုတ်သည့်အရာ၊ ဖီဝအားအင် ဗဟိုချက် ။

ယောဂ လေ့ကျင့်ရင်း အမြင့်မားဆုံး စွမ်းအင်သတ္တိတွေ ပိုင်ဆိုင်လာနိုင်အောင် တွန်းပို့ လိုက်တဲ့  အဓိက
ဇာတ်လိုက်ကျော်ကြီးတွေပါဘဲ ။ လုံးဝမခွဲ တတွဲတွဲနဲ့  တစ်ခုပေါ်တစ်ခု မှီငြမ်းဖြတ်သန်း စီးဆင်းပြီး ၀ိညာဉ် နာမ် ရုပ် ခန္ဓာ အားလုံးကို ပံပိုးပေးနေတာပါ၊ လေ့ကျင့်လေ အစွမ်းထက်လေ တစ တစ ကိုယ့်ကိုယ်ကို
သိလာပါလိမ့်မယ်၊ ခန္ဓာတွေ့ တွေ စလာပါပြီ ။ ကောင်းမူ့ တွေကိုလဲ ခံစားရပါပြီ၊ စိတ်လွန်နယ်ရဲ့  ပါဝါလေး
ကလဲ စမ်းတ၀ါးဝါးနဲ့ ၊ မာန်တွေကတက်လာ၊ လေ့ကျင်ခန်းတွေ ဂရုမစိုက်တော့ဘဲ ရသလောက်အကျိုးထူး
လေးတွေ ထွေးပိုက်ပြီး စည်းစိမ်ခံနေကြ၊ လေ့ကျင်ခန်းလုပ်ဖို့  ခုတော့ ပင်ပန်းသလို ထင်လာပြီ၊ အရမ်း
လွယ်နေသလိုထင်လာပြီ၊ ပျင်းလဲပျင်းလာပြီ၊ ကိုယ့်ကိုယ်ကိုလဲ ဆရာကြီးလိုထင်လာပြီ၊ ဒီတော့ သွားပြီ ။
စိတ်ဆိုတာ အင်အား အရမ်းကြီးပါတယ်၊ အင်အားကြီးတဲ့သူကို အနိုင်ယူဘို့ ဆိုတာ လွယ်လွယ်လေးတော့
ဖြစ်လာမှာ မဟုတ်ပါဘူး ။ မှီရာ စာအုပ်စာပေတွေနဲ့  နိုင်းယှဉ်ပါ၊  ခန္ဓာတွေ့ တွေကို ထောက်ကြည့်ပါ ။
ယောဂီ သင် ဘာဖြစ်နေပြီလဲ ။
         တချို့  ..... တချို့  .....  တွေ့ ပြီ ..... ယောဂ
         ဒီနယ်မြေရဲ့  အမြင့်မားဆုံး အပိုင်း ဆိုတာ ........

No comments:

Post a Comment

Have a nice day.