Sunday, November 3, 2013

ယောဂ Prana

ပရာဏ
        Life force energy   အလွယ်ဆုံးခေါ်မိတာ အတွင်းအားလို့ ။ ခန္ဓာကိုယ်အတွင်းမှာ ရှိတဲ့အားမို့ 
အတွင်းအားလို့ ခေါ်တာပါ။ အသက်ရှူသွင်းလိုက်တဲ့ အချိန်မှာ အားတွေ လာစုထားတယ်၊ အသက်ရှူထုတ်
လိုက်တဲ့ အချိန်မှာ စုထားတာတွေတို မူလအတိုင်း စုစည်းထိန်းသိမ်းထားလိုက်ပါတယ်။
       ရွေ့ လျားမူ့ တစ်ခုပေါ်မှာ စိတ်အာရုံတင်၍ အသက်ရှူသွင်းလိုက်တဲ့ အချိန်မှာ လေက ၀င်သွားသည်
နှင့်အမျှ ကိုယ်ခန္ဓာအတွင်းမှာတော့  ရွေ့ လျားမူ့ ၏ ဟန်ချက်လားရာအတိုင်း အင်အားတစ်ခု ဆွဲယူစီးဆင်း
စေပါတယ်၊ ဒီအင်အားဟာ စက်ြဝဠာထဲက စုပ်ယူပါလာတယ်လို့  ဆိုကြပါတယ်။
       လက်တွေ့  စူးစိုက်ပြီးကြည့်ရင်တော့ ခန္ဓာမှာ ၀င်သက်နဲ့ အတူ ပြောင်းလဲမူ့  ဖြစ်စဉ် အားတစ်ခု ဖြစ်
ပေါ်လာပြီး ရွေ့ လျားမူ့ ဟန်ချက်ရဲ့ ဗဟိုမှာ အားတွေ အားလုံးပြေးဝင်လာပြီး ၀င်စု နေပါတယ်၊ အသက်
ရှူထုတ် လိုက်တဲ့ အချိန်မှာတော့ ဒီအားဟာ ဟန်ချက်ညီလိုင်းအတိုင်း လူပ်ရှားမူ့ နှင့် တူယှဉ်လို့  ရွေ့ လျား
ကပ်ညှိပြီး စီးဆင်းသွားပါတယ်၊ ရွေ့ လျားမူ့  ရပ်တန့် သွားရင်လဲ သူကလဲရပ်ပြီး စောင့်နေသလိုပါဘဲ
ရိုးရိုးလေး ရပ်နေတာ မဟုတ်ဘူး၊ လည်ပတ်ပြီးစောင့်နေတာပါ။ နောက် ဘာလုပ်အုံးမှာလဲ ဆိုတာမျိုးပေါ့
        စိတ်က ဘယ်ကို ရောက်မှာလဲ စိတ်ရောက်သွားတဲ့ နေရာကို သူက ဖြာကနဲ ဖြာကနဲ ခေါက်တုန့် 
ခေါက်ပြန် သွားနေတယ်။ နွေးထွေးမူ့  သဘောလေးတွေ၊ တလူပ်လူပ် တရွရွ သဘောလေးတွေ ရှိပါတယ်။
ဒါ ပရာဏ ပါဘဲ ။
        ပရာဏ ကို လေ့ကျင့်ရန် အတွက် စိတ်ပိုင်း ရုပ်ပိုင်း နှင့် ၀င်လေထွက်လေ အတွဲညီပြီး အာရုံ အတိ
အကျ ရနေဘို့ လိုပါတယ်၊ အာနာပါန လုပ်ငန်းစဉ်နဲ့  လုံးဝ မတူပါဘူး။ ပျံ့ လွင့်နေသော အာရုံများကိုလဲ
ထိန်ချုပ်ထားဘို့ ၊ ဥပက္ခာပြုထားဘို့  လိုပါတယ်။ ရှူသွင်းလိုက်တဲ့လေ ရောက်ရှိရာ အရပ်ကိုလဲ မြင်အောင်
ကြည့်ရ ပါမယ် ( ခန္ဓာထဲရောက်ရှိလာတဲ့  လေ တစ်လျောက်လုံးကို စိတ်နှင့်အတူ စူးစိုက်နစ်ဝင်ပြီး ရအောင်
ဖမ်းထားရမှာပါ၊ ထွက်လေမှာလဲ ထိုအတိုင်းပါဘဲ ) ။
        ပရာဏ (ဇီဝအတွင်းအား) ယာမ (ထိန်းချုပ်ခြင်း ကျင့်စဉ်) Pranayama ကျင့်စဉ်နဲ့  ပတ်သက်လို့ 
အသက်ရှူခြင်း၊ အသက်အောင့်ခြင်း၊ ပြန်လည်ရှူထုတ်ခြင်း၊ အပူလိုင်း အအေးလိုင်း များ စသည်ဖြင့်များ
စွာရှိနေပါတယ် ။
       လေ့ကျင့်ရင်း လေ့ကျင့်ရင်းနဲ့  တဖြေးဖြေး မြင့်မားတဲ့ အစွမ်းတစ်ခုကို ရရှိလာမှာ ဖြစ်ပါတယ်။ လုံးလုံး
လျားလျားခြားနားသွားတဲ့ ဒီခန္ဓာကိုယ်ကို မိမိကိုယ်တိုင် သိလာမှာပါ ။
ဒီပုံလေးက အထောက်အကူတစ်ခု ပေးလိမ့်မယ်လို့  ထင်မိပါတယ် ။

No comments:

Post a Comment

မင်္ဂလာအပေါင်း နှင့် ပြည်စုံကြပါစေ