Tuesday, November 5, 2013

ယောဂ Nadi ၂

     ခန္ဓာကိုယ်၏ ငယ်ထိပ်မှသည် အောက်ဒွါရတိုင်အောင် အလယ်တည့်တည့်မှ ပိုင်းခြားပြီး ခြေဖျားဆုံးထိ ကြည့်လိုက်လျှင် လက်ဝဲဘက် နှင့် လက်ယာဘက် (၂)ခြမ်း ဖြစ်ပေါ်လာပြီး ကျောရိုးမကြီးက ဘက်မလိုက်
ဘဲအလယ်မှာ နေခဲ့ရင်တော့ (၃)ခု ဖြစ်မှာပါ။ လက်ဝဲဘက် ( သို့ )လက်ယာဘက် နှာခေါင်းပေါက်မှအသက်
ရှူမူ့ ကိုမူတည်ပြီး  အပူ အအေး စ၍ ခွဲထွက် သွားပါတယ်။
       နှာခေါင်းပေါက် (၂)ပေါက်စလုံးက အသက်ရှူချိန်ဟာ စက္ကန့်  ၃၀ မှသည် ၁၅ မိနစ် ခန့် သာရှိပြီး
အခြား နှာခေါင်းပေါက်တစ်ခုသို့  ပြောင်းလဲ၍ အသက်ရှူပါသည်။  ဆိုလိုသည်မှာ ညာဘက်နှာခေါင်းပေါက်
တစ်နာရီ ၀န်းကျင်ခန့် ရှူလိုက် (၂)ပေါက်ပြောင်းလိုက် ဘယ်ဘက်နှာခေါင်းပေါက် တစ်နာရီ ၀န်းကျင်ခန့် 
ရှူလိုက်  (၂)ပေါက်စလုံးက ခဏရှူလိုက် နောက်ပြောင်းလိုက်နဲ့  ဘယ်ညာ သံသရာကြောမှာ အချိန်ကြာ
မြှင့်စွာနဲ့   တကယ် အသက်ရှူနေတာ နှာခေါင်းတစ်ပေါက်တည်းပါ ။
       လက်ယာနှာခေါင်းပေါက်က အသက်ရှူနေလျှင် အပူသဘော အဖိုဓါတ် နေမင်း စသည်ဖြင့် သတ်မှတ်
ပြီး နဒီအားဖြင့် ပင်္ဂလ နဒီ ( Pingala Nadi ) သို့ ကျေးဇူးပြုပါသည်။
       လတ်ဝဲနှာခေါင်းပေါက်မှ အသက်ရှူနေလျှင် အအေးသဘော အမဓါတ် လမင်း စသည်ဖြင့် သတ်မှတ်
ပြီး နဒီအားဖြင့် အီဒါ နဒီ  ( Ida Nadi ) သို့ ကျေးဇူးပြုပါသည်။
       နှာခေါင်းနှစ်ပေါက်စလုံးမှ အသက်ရှူနေလျှင် တည်ငြိမ်မူ့  သမာဓိသဘော ၀ိညာဉ် အာကာသဓါတ်
စကြ်ာဝဠာ စသည်ဖြင့် သတ်မှတ်ပြီး နဒီအားဖြင့် ဆှရွှုန်းန နဒီ (Shashumna Nada ) သို့  ကျေးဇူးပြု
ပါသည်။

No comments:

Post a Comment

Have a nice day.