Monday, November 11, 2013

ယောဂ ချက္ကရ

ယောဂ ချက္ကရ

Chakra - Wheel, Vortex, Energy Transformars, Centres of life force.
          လှည်းဘီး၊ ၀ဲကတော့၊ လျှပ်စစ်သံလိုက် စွမ်းအား တန်ခိုးသတ္တိ အသွင်သဏ္ဌန် ပြောင်းလဲရာ၊ ဇီဝ
အားအင် ဗဟိုချက် ။ နေရာအတိအကျပါဘဲ၊ မရွေ့ ပါဘူး၊ လှည်းဘီးသဏ္ဌန် ၀ဲကတော့သဏ္ဌန် လှည့်လည်
နေပါတယ် ။ ဥတုရုပ် တို့ မှ လိုအပ်သောအားအင်များကို စုဆောင်းပေးထားခြင်း ထုတ်လွှတ်ပေးခြင်း နှင့်
လျှပ်စစ်သံလိုက်လိုင်းတို့ ကို ထုတ်လွှတ်ပေးသော ပင်မဌာနများ ဖြစ်ပါတယ် ။  ခန္ဓာမှာ Major Chakra
(၇)ခု ရှိပြီး  Minor Chakra (၂၁) ခု ရှိတယ်လို့ ဆိုပါတယ်။ အဓိက ချက္ကရ (၇) ခု ကိုဘဲ ထိရောက်မူ့ ရှိ အောင် လေ့ကျင့်နေသည် နှင့် အားလုံးသော ချက္ကရတို့  နိုးကြားတက်ကြွ လာပါတယ်။
          ချက္ကရ (၇)ခုက  ခန္ဓာကိုယ်မှာ (၅)ခု နှင့် ဦးခေါင်းပိုင်းမှာ(၂)ခု ရှိပါတယ်။ တစ်ခု နှင့် တစ်ခု ဆက်
သွယ်နေတဲ့ လမ်းကြောင်းရှိပါတယ် ။  အဓိက ပြေးလမ်းမကြီးကတော့ ကျောရိုးမကြီး ကို အမှီပြုလျှက်
နဒီများ မှတဆင့် ထုတ် သွင်း စုဆောင်း စီးဆင်းခြင်းဖြစ်ပါတယ် ။
          ဒီနေရာမှာ တစ်ခုတော့ ပြောပါရစေ ယောဂကျင့်မှ ချက္ကရတွေ လန်းနေရမယ် မဟုတ်ပါဘူး ။
ယောဂကျင့်မှ  ချက္ကရတွေ ဖြစ်ပေါ်လာတာ မဟုတ်ပါဘူး ။ သတ္တဗီဇ ရလာကတည်းက ရှိပြီးသားတွေပါ၊
Martial arts ကိုယ်ခံပညာရပ် တစ်ခုခု လေ့ကျင့်လိုက်စား နေရင်းနဲ့ လဲ ချက္ကရတွေ ပွင့်ပါတယ်။
ချက္ကရပွင့်တယ် ဆိုတာ ပိတ်ဆို့ တားဆီးခြင်းအလျင်းကင်းပြီး  ခန္ဓာ နှင့် စိတ်အတွက် လွယ်ကူလျှင်မြန်စွာနဲ့
အားအင်တွေ ထုက်ပေးနေနိုင်တာ ဖြစ်ပါတယ်။ ရှိပြီးသားကို ပိုပြီးအစွမ်းထက်အောင် တိကျတဲ့ ပုံသဏ္ဌန်
တွေနဲ့  နိုးထစေပြီး သဘာဝအလျောက် အားအင်တွေ တန်ခိုးသတ္တိထူးတွေ အဖြစ် ထူးကဲစွာ ပံပိုး ပေးပါ တယ် ။ ကျောက်ကောင်းတစ်ပွင့် သွေးရသလိုဘဲ ဆက်တိုက် အားမာန်တွေသွင်း ရပါတယ်။  ခန္ဓာထဲကို
စိတ်စဉ်ဆက်မပြတ်သွင်းပြီး ရှု့ နေရင် တွေ့ နိုင်ပါတယ်။ လက်တွေ့ လေ့ကျင့်နေပြီး ကြာလေ  ကြာလေ
တောက်ပလေ မို့  လက်တွေ့ အနေနဲ့ ဘဲ သိလာကြပါလိမ့် မယ် ။
        ခန္ဓာကိုယ် တစ်ခုလုံးမှာ အရံ ချက္ကရပေါင်း များစွာတည်ရှိနေပေမဲ့ ဘယ်သူ့ မှ တိကျသောအရေအ
တွက် မရနိုင်ပါဘူး။ နဒီစီးဆင်းရာ ပရာဏဆွဲအားတင်းလိုက်တာနဲ့  ရပ်ပြီးလည်နေတဲ့အ၀ိုင်းတွေ ဘယ်
လောက်များသလဲဆိုတာ လေ့ကျင်မူ့ များသည်နှင့်အမျှတစ်ကိုယ်လုံးမှာ စေလိုရာစေသလိုဖြစ်နေတာမို့  ၊
( လုပ်ကြည့်ပါ တစ်နေ့ မင်းသိလာပါလိမ့်မယ် - ဆိုတဲ. ) ဆရာ့စကားလုံးလေးကိုဘဲ ဝေမျှလိုက် ပါရစေ ။

No comments:

Post a Comment

Have a nice day.