Saturday, October 26, 2013

ယောဂ မန္တန် ပေါင်း

Mantra မန္တရ
တော်တော်လဲများပါတယ် ။ ခြေထောက်ခွေခေါက်ထိုင်ပြီး အကြိမ်ကြိမ် ရွတ်နေရတာလဲ ရှိသလို ၊
ကိုယ်ဟန် လူပ်ရှားမူ့ စတင်တောမည့် အချိန် ရွတ်ဆို နေရတာတွေလဲ ရှိပါတယ် ။
များလိုက်တဲ့ မန္တန်တွေ ............ ရွတ်တော့မှာလား ........... ရွတ်ချင်လား
အကုန်လုံးကို ပေါင်းပြီး တစ်ခုထဲဘဲ ဆိုရင် တော်တော် ကောင်းမှာပါ ။
ရှိတယ် တစ်လုံးထဲပါဘဲ ........ အကြမ်းဖျင်းပေါ့နော်
တော်တော်လဲကောင်းပါတယ် အသံထွက် မှားလို့  ခဏခဏပြင်နေရတာတော့ စိတ်ရှည်ပါ ။
ကျိုးစားပေးပါ ။ အချိန်ရတိုင်း ဆိုကြည့်ပါ ။
အားလုံး သိပြီးသားလေးပါဘဲ ဆိုလဲ ဆိုခဲ့ဘူးပါတယ် ...
လောကလူ့ ရွာ စတင်ရောက်ရှိလာတာနဲ့  တွေ့ ခဲ့ရတဲ့ ....   ဥုံ ...... ။
အခု.......
ခဏလေးနော် ........ မှားနေလို့ မဟုတ်ပါဘူး ....... ဒါကရေးတာ၊ စာနဲ့ ရေးထားတာ ။
ရွတ်မယ် ..........  အုမ် ...mmmmmmmm .။
ဘေးကျပ်နံကျပ်နဲ့  ဘယ်လိုမှ အသံထွက် မရလို့  ဒီလိုဘဲ ပြောင်းပြီး ကျိုးစားခဲ့ရတာ ကို ပြန်လည်
ဝေမျှ ပေးတာပါ ။ ဘာကွာလို့ လဲ ......... ကျေးဇူးပြု၍ တူရဲ့ လားလို့   ရွတ်ကြည့်ပါ ။
      အဲဒီ  အုမ် အသံလေးကို  အပိုင်း (၃)ပိုင်း ခွဲလိုက်ပါတော့မယ် - အသံဆိုတော့ လေ ပါလာပြန်ပြီ
ရှူသွင်းထားတဲ့လေ ကိုလဲ အပိုင်း (၃)ပိုင်း ခွဲလိုက်ပါတော့မယ် ။ ရှူသွင်းထားတဲ့လေက ခန္ဓာထဲမှာမို့ 
ခန္ဓာကိုယ်၏ ချက်တိုင်မှ နှာခေါင်းသို့ အပိုင်း (၃)ပိုင်း ခွဲလိုက်ပါတော့မယ် ။ အထွာ သုံးထွာ ရပါတယ် ။
ထွက်သက် နှင့်အတူ လေကို ဖြေးညှင်းစွာထုတ်ပြီး အသံရှည်နဲ့  ဆိုသွားရမှာပါ ။
     ချက်တိုင်မှ ရင်ဝသို့  ပထမလေ - အ(အာ) - A  - နှုတ်ဝိုင်းသံ - ဖြစ်(သန္ဓေ) - ၀မ်းဗိုက်နောက်
ကျောပြင်သို့ လက်ဖမိုးဖြန့် ကပ်၍ စမ်းကြည့် တုန်နေမည် - Brahma မဟာဗြဟ္မာဏ (ယိုးဒယား
အခေါ် လေးမျက်နှာဘုရား) စောင့်ရှောက်၏ ။
     ရင်ဝ မှ လည်မျိုသို့  ဒုတိယလေ - အု(အူ) - U - ရင်ခေါင်းသံ - တည်(သန္ဓေ) - ရင်ခေါင်းပေါ်
သို့ လက် ဖ၀ါး ကပ်၍စမ်းကြည့် တုန်နေမည် -  Vashnu မဟာပိဿနိုး စောင့်ရှောက်၏ ။
     လည်မျို မှသည် နှာတံပေါ်သို့  တတိယလေ - အုမ်(အမ်) - M - နူုတ်ခမ်းပိတ် နှာခေါင်းသံ -
ပျက်(သန္ဓေ) - ငယ်ထိပ်ပေါ်သို့  လက်ဖ၀ါး ကပ်၍စမ်းကြည့် တုန်နေမည် - Shiva မဟာသီဝ စောင့်
ရှောက်၏ ။
     ဒီတော့  အ အု အုမ် {A U M} (သို့ )  အာ အူ အမ် {O U M} ဘယ်ဟာနဲ့  အဆင်ပြေမှာလဲ
တစ်မျိုးထဲလား ရောသမမွှေလား ဆိုတာ မိမိကိုယ်တိုင် လေ့ကျင့်ရွတ်ဆိုပြီး၊ အထက်မှာပြောခဲ့သလို
လက်ဖ၀ါးတွေနှင့် လူပ်ရှားပြီး စမ်းသပ်  ကြည့်ပါ။ တစ်ဦး နှင့် တစ်ဦး ဌါန်၊ မာန်၊ သရတွေ မတူကြတဲ့
အတွက် ဒါဘဲလုပ်ပါလို့  တရားသေမရှိပါ ။ နောက်တော့ အားအလုံး အသံတွေ တူသွားကြပါတယ် ။ 
အကြိမ်များစွာ စမ်းသပ် လေ့ကျင်ဖို့ တော့ လိုတာပေါ့နော် ။
    ဖြစ် တည် ပျက်(သန္ဓေ- အစတည်မွေးဖွားမူ့ များ) ကိုလက်တွေ့  နားမလည်သေးလို့ ၊  အစောင့် 
အရှောက် မမြင်သေးလို့  မသိသလိုဘဲ ထားပါအုံး။ အောက်မှအပေါ်သို့  တုန်ခါ လာတာတော့ အားလုံး
လက်တွေ့ သိပြီးပါပြီ ။
    အရေးအကြီးဆုံး ခန္ဓာအစိတ်အပိုင်းများ တည်ရှိရာ ဒီ ခန္ဓာကိုယ်ကြီးထဲမှာရှိတဲ့ သေးမျှင်တဲ့ နာဗ်
တွေ၊ အကြောမျှင်လေးတွေ၊ ဂလင်းတွေ အားလုံးကို လွယ်လွယ်ကူကူနဲ့  တုန်ခါမူ့  ပေးလိုက်တာ
အရမ်းကောင်းပါတယ်။ အထူးသဖြင့် ဦးခေါင်းပိုင်းဆို ပိုပြီးတော့တောင် လိုအပ်ပါသေးတယ် ။
   အနားယူချိန် မဟုတ်ကြောင်း အချက်ပေးခေါင်းလောင်းသံ ဥုံ တစ်လုံးထဲနဲ့  တန်ဘိုးကြီးပါတယ် ။
လျှပ်ဖို၊ လျှပ်မ၊ အကြော၊ ဆဲလ်၊ ဂလင်း စတဲ့ ခန္ဓာထဲက မော်လီကျုးပေါင်းများစွာကို နိုးပြီး ယောဂ
လေ့ကျင့်ခန်း ယူကြပါစို့  ။

No comments:

Post a Comment

မင်္ဂလာအပေါင်း နှင့် ပြည်စုံကြပါစေ